စာဖြေဆိုသူကျောင်းသား/ ကျောင်းသူများမှ လိုက်နာရမည့် စည်းကမ်းချက်များ
စာဖြေဆိုသူများမှ စာမေးပွဲအချိန် မစတင်မီ (၁) နာရီကြိုတင်၍ စာမေးပွဲကျင်းပရာ ခန်းမသို့ ရောက်ရှိနေရမည်။
နမူနာ Audio Test စတင်သည့်အချိန်မှစ၍ စာမေးပွဲပြီးဆုံးသည်အထိ မည်သည့်အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် စာဖြေဆိုသူများ စာမေးပွဲခန်းမသို့ ဝင်ရောက်ခြင်း/ ခန်းမမှ ထွက်ခွာခြင်းများ ခွင့်ပြုမည် မဟုက်ပါ။
စာဖြေသူဆိုများသည် စာမေးပွဲခန်းမအတွင်းသို့ HB ခဲတံ (သို့မဟုတ်) 2B ခဲတံ ၊ ခဲဖျက် မှ အပ တခြားအရာများအား သယ်ဆောင်ခွင့်မပြုပါ။
စာမေးပွဲခန်းမအတွင်းသို့ Smart Watch များကို ဝတ်ဆင်ခြင်း၊ သယ်ဆောင်ခြင်းမပြုပါ။
စာမေးပွဲခန်းမအတွင်းတွင် လက်ကိုင်ဖုန်းများအား ပိတ်ထားရပါမည်။ နှိုးစက်များလည်း ပိတ်ထားရမည်။ ခန်းမအတွင်း ဖုန်းအသံမြည်ခြင်း၊ အသုံးပြုခြင်းများ တွေ့ရှိပါက စာမေးပွဲဆက်လက် ဖြေဆိုရမည် မဟုတ်ပါ။
အများအမြင်မသင့်လျော်သည့်အဝတ်အစားများအား ဝတ်ဆင်ခြင်းမပြုရ။
ဂျပန်စာပါသည့်အဝတ်အစားများအား ဝတ်ဆင်ခြင်းမပြုရ။
စာဖြေဆိုသူများမှ မသမာသောနည်းလမ်းများကို အသုံးပြုခြင်း၊ ပြုလုပ်ခြင်း (သို့မဟုတ်) စာမေးပွဲ ခန်းမထဲသို့ ယူဆောင်လာခြင်း တွေ့ရှိပါက စာမေးပွဲဆက်လက်ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Admission Ticket) တွင် နာမည်၊ မွေးသက္ကရာဇ် စသည့် အချက်အလက်များ မှားယွင်းမှုရှိပါက အခန်းစောင့်ဆရာ၊ ဆရာမများအား ပြော၍ ပြင်ဆင်နိုင်ပါသည်။
စာမေးပွဲအောင်လက်မှတ်များ ထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ
ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း
ကိုယ်စားထုတ်ယူခြင်း
စာဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားနှင့် စာမေးပွဲလျှောက်လွှာဖောင်တင်ချိန် အသုံးပြုခဲ့သည့် သက်သေခံလက်မှတ်အထောက်အထား (မှတ်ပုံတင် (သို့) Passport) ကို မဖြစ်မနေ ယူဆောင်ရပါသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပျောက်ဆုံးပါက မှတ်ပုံတင် မိတ္တူ (၁) စောင် ယူဆောင်လာရပါမည်။
ကိုယ်စားလာရောက်ထုတ်ယူမည်ဆိုပါက စာဖြေဆိုသူ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား၊ မှတ်ပုံတင် မိတ္တူ (၁)စောင် နှင့်အတူ ကိုယ်စားထုတ်ယူသူ၏ မှတ်ပုံတင်မိတ္တူ (၁) စောင် တို့ကို ယူဆောင်လာရ ပါမည်။
သင်တန်းကျောင်းများအနေဖြင့် သင်တန်းကျောင်းအမည်နှင့် စည်းအမှတ်တံဆိပ် (သို့) Letter Head ပါဝင်သော စာတွင် မိမိထုတ်ယူလိုသော ကျောင်းသားဦးရေ၊ အမည်၊ ခုံနံပါတ်တို့ကို ရေးသား၍ (၂) ရက်စော၍ ကြိုတင်ပေးပို့ရန် လိုအပ်ပါသည်။
မှတ်ချက် ။ ။ စာမေးပွဲရလဒ်များ ထုတ်ယူရာတွင် ဖြေဆိုခဲ့သော စာမေးပွဲခုံအမှတ်ကို မှန်ကန်စွာ သိရှိရန် လိုအပ်ပါသည်။
အထက်ဖော်ပြပါ အချက်အလက်များ မပြည့်စုံပါက အောင်လက်မှတ်နှင့်အမှတ်စာရင်းများ ကို ထုတ်ပေးမည် မဟုတ်ပါ။
