စာဖြေဆိုသူကျောင်းသား/ ကျောင်းသူများမှ လိုက်နာရမည့် စည်းကမ်းချက်များ

  • စာဖြေဆိုသူများမှ စာမေးပွဲအချိန် မစတင်မီ (၁) နာရီကြိုတင်၍ စာမေးပွဲကျင်းပရာ ခန်းမသို့ ရောက်ရှိနေရမည်။

  • နမူနာ Audio Test စတင်သည့်အချိန်မှစ၍ စာမေးပွဲပြီးဆုံးသည်အထိ မည်သည့်အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် စာဖြေဆိုသူများ စာမေးပွဲခန်းမသို့ ဝင်ရောက်ခြင်း/ ခန်းမမှ ထွက်ခွာခြင်းများ ခွင့်ပြုမည် မဟုက်ပါ။

  • စာဖြေသူဆိုများသည် စာမေးပွဲခန်းမအတွင်းသို့ HB ခဲတံ (သို့မဟုတ်) 2B ခဲတံ ၊ ခဲဖျက် မှ အပ တခြားအရာများအား သယ်ဆောင်ခွင့်မပြုပါ။

  • စာမေးပွဲခန်းမအတွင်းသို့ Smart Watch များကို ဝတ်ဆင်ခြင်း၊ သယ်ဆောင်ခြင်းမပြုပါ။

  • စာမေးပွဲခန်းမအတွင်းတွင် လက်ကိုင်ဖုန်းများအား ပိတ်ထားရပါမည်။ နှိုးစက်များလည်း ပိတ်ထားရမည်။ ခန်းမအတွင်း ဖုန်းအသံမြည်ခြင်း၊ အသုံးပြုခြင်းများ တွေ့ရှိပါက စာမေးပွဲဆက်လက် ဖြေဆိုရမည် မဟုတ်ပါ။

  • အများအမြင်မသင့်လျော်သည့်အဝတ်အစားများအား ဝတ်ဆင်ခြင်းမပြုရ။

  • ဂျပန်စာပါသည့်အဝတ်အစားများအား ဝတ်ဆင်ခြင်းမပြုရ။

  • စာဖြေဆိုသူများမှ မသမာသောနည်းလမ်းများကို အသုံးပြုခြင်း၊ ပြုလုပ်ခြင်း (သို့မဟုတ်) စာမေးပွဲ ခန်းမထဲသို့ ယူဆောင်လာခြင်း တွေ့ရှိပါက စာမေးပွဲဆက်လက်ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။

  • စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Admission Ticket) တွင် နာမည်၊ မွေးသက္ကရာဇ် စသည့် အချက်အလက်များ မှားယွင်းမှုရှိပါက အခန်းစောင့်ဆရာ၊ ဆရာမများအား ပြော၍ ပြင်ဆင်နိုင်ပါသည်။